Main menu

တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့ မွန်းလွဲပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့ရှိ တောင်သူလယ်သမားသင်တန်းကျောင်း၌ကျင်းပသည့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

         စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ မျိုး၊ မြေ၊ ရေနည်းပြုပြင်ပြောင်းလဲဆောင်ရွက်ပေးနိုင်မှုကြောင့် အချိန်တိုအတွင်း အဓိကသီးနှံ(၆)မျိုးနှင့် နွေစပါးများ ပန်းတိုင်အထွက်နှုန်းအတိုင်းရရှိခဲ့ပြီးဖြစ်ရာ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို တောင်သူလယ်သမားသင်တန်းကျောင်းရှိသည့် မြို့နယ်များတွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းသိရပါသည်။

          တောင်သူလယ်သမားများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် အဓိကသီးနှံများအတွက် လက်တွေ့ဦးစားပေးသင်ကြားခြင်း၊ စိုက်ပျိုးရေးဆုရသည့် ဂုဏ်ထူးဆောင်တောင်သူလယ်သမားကြီးများက ရှင်းလင်းပြောကြားခြင်း၊ မိသားစုတစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရေး၊ မွေးမြူရေးလုပ်ငန်းအောင်မြင်နေသူများက မွေးမြူရေးဆိုင်ရာများသင်ကြားပေးခြင်း၊ ကွင်းဆင်းသရုပ်ပြခြင်းတို့ကို စနစ်တကျသင်ကြားပေးမည်ဖြစ်ကြောင်းသိရပါသည်။

        တောင်ငူခရိုင်သည် ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့်ဒေသဖြစ်ရာ သင်တန်းတက်ရောက်ပြီးဖြစ်သော တောင်သူလယ်သမားကြီးများက သင်တန်းမှသင်ကြားပေးလိုက်သည့် ခေတ်မီနည်းစနစ်များနှင့်အညီ စိုက်ပျိုးခြင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကိုဖြန့်ဝေခြင်းဖြင့် ဒေသတွင်း ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ယခင်ထက် ပိုလျှံမည်ဖြစ်ရာ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)