Main menu

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အမှတ်တံဆိပ်ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၂၀-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ်() ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အမှတ်တံဆိပ်ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးက လပွတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်(၃)ဆိုင်တွင်ရောင်းချနေသော ဘူးသွတ်ဆီများ၌  ကုန်အညွှန်းအမှတ်အသားနှင့် FDA ၏ထောက်ခံချက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။  ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စားအုန်းဆီများသတ်မှတ်ထားသည့် ရည်ညွှန်းဈေးထက် ပိုမို၍ရောင်းချခြင်းမပြုရန်၊ ဈေးနှုန်းဆိုင်းဘုတ်များကို စားသုံးသူများသိသာထင်ရှားအောင် ချိတ်ဆွဲပြီးရောင်းချကြရန်  ဆိုင်ရှင်များအား အသိပေးဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)