စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဦးမျိုးဝင်းဦးဆောင်သောအဖွဲ့သည် (၈.၃.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)နာရီတွင် မကွေးမြို့နယ်၊ မကွေး-နတ်မောက်လမ်း၊ ကံပြားကျေးရွာရှိ ဦးထွန်းဝင်း၏ ဆီးသီးအစို/အခြောက် အဝယ်ဒိုင်သို့ သွားရောက်တွေ့ဆုံကွင်းဆင်း၍ ဆီးသီးအစို/အခြောက်ဝယ်ယူရရှိမှု၊ ဝယ်စျေး၊ ရောင်းစျေးနှင့် ပြန်လည်တင်ပို့မှု အခြေအနေများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။
အဝယ်ဒိုင်ဖြစ်သူ ဦးထွန်းဝင်း၏ ပြောကြားမှုအရ အမျိုးသား (၅) ဦး၊ အမျိုးသမီး(၁၀)ဦးပုံမှန် ငှားရမ်းထားပြီး တစ်ရက်လျှင် အမျိုးသား(၁)ဦး (၆၀၀ဝိ/-)နှုန်းနှင့် အမျိုးသမီး(၁)ဦး (၅၀၀ဝိ/-) နှုန်းပေးချေရကြောင်း ဆီးသီး အစို/ အခြောက်များကို ဇန်နဝါရီလမှ မတ်လအထိဝယ်ယူရပြီး အစို များကို (၁၂)ရက်ခန့် နေလှန်းရပါကြောင်း၊ ကံပြားကျေးရွာပတ်ဝန်းကျင်ရှိ ကဗြူ၊ ညောင်ပင်၊ ကံလှ၊ မင်းရွာ၊ ကံသာကြီး၊ ကံသာလေးအစရှိသည့်ကျေးရွာများမှ လယ်ယာခြံစည်းရိုး နယ်နိမိတ်အဖြစ် စိုက်ပျိုးထားသည့် ဆီးပင်များမှ တောင်သူများအတွက် နှစ်စဉ်ဝင်ငွေရရှိနေပါကြောင်း၊ ယခင်နှစ်က ဆီးသီးအခြောက် (၁၆)ပြည် တစ်တင်းကို (၁၆၀ဝိ/-)ခန့်၊ ဆီးသီးအစို (၁၆)တစ်တင်းကို(၁၁၀ဝိ/-) ကျပ်ခန့်သာ ပေး၍ဝယ်ယူခဲ့ရသော်လည်း ယခုနှစ်တွင် ဆီးသီးအခြောက် (၁၆)ပြည် တစ်တင်းကို (၅၀၀ဝိ/-)ကျပ်နှင့် ဆီးသီးအစို (၁၆)ပြည် တစ်တင်းကို (၄၀၀ဝိ/)ကျပ်နှုန်း ဝယ်ယူရကြောင်း ဆီးသီး အစိုများကို(၁၂)ရက်ခန့် နေ့လှန်းမှသာ ဆီးသီးအခြောက်ရရှိပါကြောင်း၊ ဆီးသီးအခြောက်တစ်တင်း ရရှိရန် ဆီးသီးအစိုပြည်(၂၀)ခန့်သုံးစွဲရပါကြောင်း၊ ဆီးသီးအခြောက်(၁)တင်းကို ကြိတ်ခွဲပါက ဆီးဆံ (၂၀/၂၅)ကျပ်သားခန့်သာရရှိပြီး ဆီးခွဲကြမ်း(၁)တင်း(၃၀၀)ကျပ်နှုန်းဖြင့် ပဲကြော်၊ ပဲလှော်ဖိုများနှင့်နှမ်းလှော်ဖိုများသို့ ရောင်းချရကြောင်း၊ ဆီးဆံ(၁) ပိဿာကို (၂၄၀၀ဝိ/၂၅၀၀ဝိ/-)ခန့်ဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချရပါကြောင်း၊ယခုနှစ်တွင် ဆီးသီးအစို/အခြောက်တင်း(၅၀၀၀၀)ခန့် ဝယ်ယူရရှိပြီးဖြစ်ကြောင်း၊ ဆီးဆံပိဿာ(၈၀၀)ခန့်တင်ပို့ပြီးဖြစ်ကြောင်းနှင့် ယခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းဒေသတွင် မိုးနှောင်းများခဲ့သည့်အတွက် အပွင့်များကြွေ၍ ဆီးသီးအထွက်နှုန်းနည်းသော်လည်း ဆီးသီးရောင်းရစျေးမှာ ယခင်နှစ်ထက်(၃)ဆခန့်ပိုမိုရရှိသဖြင့် တောင်သူများအတွက် အပိုဝင်ငွေတိုးလျှက်ရှိကြောင်း လေ့လာစုံစမ်းသိရှိရပါသည်။
DOCA(မကွေး)