Main menu

ပြည်ဈေးကွက်တွင် နှမ်းနီဈေးများမြင့်တက်ပြီး နှမ်းနက်နှင့်စမုံနက်နှမ်းဈေးများ အနည်းငယ်ကျဆင်းလာ

Powered by Drupal

       ပြည်ခရိုင်အတွင်း၌ မေလကုန်နှင့် ဇွန်လဆန်းပိုင်းအချိန်တွင် မိုးနှမ်းများကို စတင်စိုက်ပျိုးကြရာ မေလကုန်ပတ်တွင် မိုးနှမ်းစိုက်ဧက ၄၉၁၄ဧကအနက် ပြည်မြို့နယ်အနေဖြင့် ၉၁ဧက၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ၃၀၇၀ဧကနှင့် ပန်းတောင်းမြို့နယ်တွင် ၁၇၅၃ဧကစိုက်ပျိုးထားရှိပြီးဖြစ်ပါသည်။ ၂၀၂၃ခုနှစ်၊ မေလကုန်အပတ်တွင် မိုးနှမ်းစီမံကိန်းစိုက်ဧကမှာ ၆၃၃၅၉ဧကလျာထားပြီး အမှန်စိုက်ဧကမှာ ၈၇၃၉ဧက စိုက်ပျိုးနိုင်ခဲ့၍ ယခု၂၀၂၄ခုနှစ်တွင် မိုးနှမ်းများစိုက်ပျိုးချိန် နောက်ကျသည်ဟုသိရပါသည်။ ဈေးနှုန်းအနေဖြင့်လည်း ယခင်နှစ် ဇွန်လကုန်ပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၂၆၅၀၀၀ကျပ်၊ ယခု၂၀၂၄ခုနှစ် ဇွန်လကုန်ပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၃၇၀၀၀၀ကျပ်ဖြင့် ယခုနှစ်အတွင်း ၁၀၅၀၀၀ကျပ်ခန့်ဈေးမြင့်တက်လာခဲ့သလို နှမ်းနက်ဈေးမှာလည်း ယခင်၂၀၂၃ခုနှစ်တွင် (၃)တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀၀ကျပ်ဖြစ်ခဲ့ပြီး ယခု၂၀၂၄ခုနှစ်၊ ဇွန်လကုန်အပတ်တွင် (၃)တင်းဝင်တစ်အိတ်လျှင် ၃၇၀၀၀၀ကျပ်ဖြစ်၍ တစ်နှစ်အတွင်း ၇၀၀၀၀ကျပ်ဈေးမြင့်လာခဲ့ပါသည်။ ထို့အတူ စမုံနက်နှမ်းဈေးမှာလည်း ၂၀၂၃ခုနှစ် ဇွန်လကုန်ပတ်တွင် (၃)တင်းဝင်တစ်အိတ်လျှင် ၃၃၀၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဇွန်လကုန်ပတ်တွင် စမုံနက်နှမ်း(၃)တင်းဝင်တစ်အိတ်လျှင် ၃၈၅၀၀၀ကျပ်ဖြင့် ယခုနှစ်တွင် ၅၅၀၀၀ကျပ်ဈေးပိုလာခဲ့ပါသည်။ နှမ်းမျိုးစုံအနက် နှမ်းနီတစ်မျိုးသာ ဈေးအများဆုံးပိုလာကြောင်းသိရပါသည်။ နှမ်းနီမှာ ပြည်ခရိုင်အတွင်း စိုက်ပျိုးမှုနည်းပြီး လိုအပ်သည့်နှမ်းနီကို အခြားတိုင်းများမှဝယ်ယူ၍ ရောင်းဝယ်ရသဖြင့် ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ပြီး ဆီစက်သမားများကလည်း ဆီကြိတ်ခွဲရန် ဝယ်ယူမှုရှိ၍ ဈေးပိုလာခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်။ နှမ်းဈေးများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ဈေးပိုလာခဲ့သော်လည်း ယခုနှစ် မေလကုန်ပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်လျော့နည်းလာသည်ကိုတွေ့ရပါသည်။ထိုသို့ ဈေးနှုန်းများလျော့နည်းလာရခြင်းမှာ မိုးနှမ်းများစိုက်ပျိုးချိန်ဖြစ်၍ လက်ကျန်ရှားပြီး အရောင်းအဝယ်ပါးလာသောကြောင့်ဖြစ်သည်ဟုသိရပါသည်။

DOCA(ပဲခူး)