Main menu

ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စုအတွင်းရှိ ကျေးရွာများတွင် နွေနှမ်းစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဆိက္ခဝ(၉)ရွာအုပ်စုအတွင်းရှိ ဆိက္ခဝ၊ သီရိ၊ ဇီးကုန်း၊ ရွာနောင်ကျေးရွာများတွင် နှစ်စဉ်မြစ်ရေဝင် မြေနုကျွန်းများပေါ်၌ မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်နွေရာသီ မြေပဲတူးဖော်ပြီး မြေလွတ်များတွင် သီးထပ်အဖြစ် နွေနှမ်း(အဖြူ) မျိုးကို ရေသွင်း၍ စိုက်ပျိုးကြသည်။ ဆိက္ခဝအုပ်စုမှ စိုက်တောင်သူ(၂၀)ဦး စိုက်ဧက(၁၀)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ မတ်လတွင် စတင်စိုက်ပျိုးပြီး ဇွန်လတွင် ရိတ်သိမ်းပြီးစီးကြောင်း သိရှိရသည်။

     စိုက်ပျိုးထွက်ရှိမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုးစေ့(၂)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် ကျပ်(၁၂၀၀၀)ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ယခုနှစ်တွင် ရာသီဥတုပူပြင်းသောကြောင့် နှမ်းအထွက်နှုန်းလျော့နည်းကြောင်း၊ တစ်ဧကလျှင် နှမ်း(ဖြူ)(၁၂)တင်းခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် နှမ်း(ဖြူ) တစ်တင်းလျှင် ကျပ်(၁၃၅၀၀၀)ဖြင့် ရောင်းချရကြောင်း ကုန်ကျစရိတ်အနေဖြင့် ယခုနှစ်တွင် ရေသွင်းအကြိမ်ရေများခြင်းကြောင့် ကျပ်(၉)သိန်းခန့်ကုန်ကျ၍ ဝင်ငွေကျပ် (၁၆၂၀၀၀၀)ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်းခန့် ရရှိကြောင်း၊ ထွက်ရှိသည့်နှမ်းများကို ညောင်ဦးနှင့် ပခုက္ကူမြို့များသို့ ရောင်းချကြောင်း၊ ဆိက္ခဝအုပ်စုအတွင်းရှိ စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိ၍ နှစ်စဉ်မပြတ် စိုက်ပျိုးကြောင်း ဒေသခံတောင်သူမှတစ်ဆင့် သိရှိရပါသည်။

DOCA(မကွေး)