![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/202_2.jpg?itok=gs2pwdSN)
မင်းကွတ်သီးကို မွန်ပြည်နယ်အတွင်း မြို့နယ် (၁၀) မြို့နယ်လုံးတွင် စိုက်ပျိုးလေ့ရှိသည်။ မင်းကွတ်သီးထွက်ရှိသည့် ဧပြီလကုန်နှင့်မေလအစတွင် အသီးများစတင်ခူးဆွတ်၍ ဈေးကွက်အတွင်းဝင်ရောက်နေပြီဖြစ်သည်။ ယခုနှစ်တွင် ဒေသစာ၊ ရာသီစာဖြစ်သော မင်းကွတ်သီးများအထွက်နှုန်းကောင်းကြောင်းသိရှိရပါသည်။ ပေါ်ဦးပေါ်စတွင် မင်းဂွတ်သီးဈေးကောင်းရရှိသည်။ မင်းကွတ်သီး၏ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိသည်။ ယခင်လမေလနှင့် ဇွန်လတို့တွင် မင်းကွတ်သီးဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင်၇၀၀ကျပ်၊ မင်းကွတ်သီး(အလတ်) တစ်လုံးလျှင် ၅၅၀ကျပ်နှင့် မင်းကွတ်သီး (အသေး)တစ်လုံးလျှင် ၃၀၀ကျပ်ခန့် ရရှိ၍ အရောင်းအဝယ်သွက်လျက်ရှိသည်။ ယခုလ ဇူလိုင်လတွင် မင်းကွတ်သီးဈေးနှုန်းမှာ မင်းကွတ်သီး(အကြီး)တစ်လုံးလျှင် ၅၀၀ကျပ်၊ မင်းကွတ်သီး (အလတ်) တစ်လုံးလျှင် ၃၅၀၀ကျပ်နှင့် မင်းကွတ်သီး (အသေး)တစ်လုံးလျှင် ၂၅၀ကျပ်ခန့် ဖြစ်သည်။
မွန်ပြည်နယ်အတွင်း မင်းကွတ်သီးစိုက်ပျိုးသည့် ဧက ၆၀၀၀ကျော်ရှိသည်။ မင်းကွတ်သီးအထွက်နှုန်းမှာ ယခင်နှစ်ထက် အသီးထွက်ကောင်း၍ စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်ခံစားမှုရရှိသည်။ တောင်သူများအနေဖြင့် မင်းဂွတ်သီးစိုက်ပျိုးရာတွင် ဆုံးရှုံးမှု နည်း၍အမြတ်များသော သီးပင်ဖြစ်သည်။ မင်းကွတ်ပင်ကို ရေပုံမှန်ပေးနိုင်သောကြောင့် အထွက်နှုန်းကောင်း၊ အသီးအလုံးကောင်းများ ထွက်ရှိသည်ဟု မင်းဂွတ်သီးစိုက်ပျိုးတောင် သူများမှသိရသည်။ မွန်ပြည်နယ်အတွင်း ထွက်ရှိသည့် မင်းကွတ်သီးများကို တိုင်းဒေသကြီး/ ပြည်နယ်မြို့နယ်များသို့ အသီးသီးသို့ တင်ပို့လျှက်ရှိကြောင်းသိရှိရပါသည်။
၎င်းမင်းကွတ်သီးကို စားသုံးခြင်းဖြင့် ရေ၊ စွမ်းအင်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓါတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက် ကျန်းမာရေးအထောက်အကူပြု၍ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဖေ့ဖရိတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ကော့ပါးနှင့်မဂ္ဂနီစသော အာဟာရဓါတ်များကြွယ်ဝစွာပါဝင်သည်။ ထို့ကြောင့် မင်းကွတ်သီးကို ရာသီစာ၊ အအေးစာ၊ ဓါတ်စာ၊ အေးမြချိုမွေးအရသာရှိသော မင်းကွတ်သီးကို စားသုံးမှု များကြောင်း တွေ့ရှိရပါသည်။
DOCA(မွန်)