Main menu

လွိုင်ကော်မြို့ ဒေသဆန် ဈေးနှုန်းတည်ငြိမ်လျက်ရှိ

Powered by Drupal

         ကယားပြည်နယ်တွင် ဆန်စပါးကို အဓိကစိုက်ပျိုးကြပြီး ပြည်နယ်တွင်းစိုက်ပျိုးသော စပါးများကို ဒေသတွင်းကြိတ်ခွဲကာ စားသုံးမှုမှာ အနည်းငယ်သာရှိပြီး အများအားဖြင့် မန္တလေးသို့ အဓိကတင်ပို့နေကြောင်း၊ ရန်ကုန်နှင့်မန္တလေးဘက်မှဝင်လာသော ဆန်များလည်း အရောင်းအဝယ်ဖြစ်နေသဖြင့် ပြည်နယ်တွင်း ထွက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေရင်အေး(၁)တစ်အိတ်လျှင် (၄၂၀၀၀)ကျပ်၊ ရွှေရင်အေး(၂)တစ်အိတ်လျှင် (၃၈၀၀၀)ကျပ်နှင့် တရုတ်မွှေးတစ်အိတ်လျှင် (၃၆၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်ဖေဖော်ဝါရီလနှင့် ယခုမတ်လဈေးနှုန်းကို နှိုင်းယှဉ်ကြည့်လျင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်းတွေ့ရှိရပြီး ဒေသဆန်ဈေးနှုန်းပြောင်းလဲမှုမရှိရခြင်းမှာ ပြည်နယ်တွင်း ထွက်ရှိသောဆန်များမှာ စားသုံးမှုထက်ပိုမိုနေ၍ ဆန်ဖူလုံမှုကြောင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါတယ်။

စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်