Main menu

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် သတင်းနှင့်ဆောင်းပါးရေးသားနည်းသင်တန်းကျင်းပ

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားအကာကွယ် ပေးရေး လုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလေ့လာနိုင်ရေးအတွက် စားသုံးသူရေးရာကိစ္စရပ်များ၊ ပြည်တွင်း ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို ဌာနရှိဝန်ထမ်းများက ဆောင်းပါးများအဖြစ်လည်း ကောင်း၊သတင်းများအဖြစ်လည်းကောင်း ရေးသား၍ ဌာန၏ Website ၊ Commerce Journal အပါအဝင် မီဒီယာများတွင် ဖော်ပြပေးနိုင်ရေး ပေးပို့လျက်ရှိပါသည်။

              ထို့ကဲ့သို့ ဆောင်းပါးနှင့်သတင်းများရေးသားကြရာတွင် တင်ပြပုံစနစ်တကျရှိစေရေး၊ အချက် အလက်ပြည့်စုံစေရေး၊ အချက်အလက်ခိုင်မာမှုရှိစေရေးနှင့် အရေးအသားပြေပြစ်ကောင်းမွန်စေရေး ရည်ရွယ်၍ သတင်းနှင့်ဆောင်းပါးရေးသားနည်းသင်တန်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် စားသုံး သူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ပါသည်။

        အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ဆောင်းပါး၊ သတင်းများရေးသားဖော်ပြရသည့်ရည်ရွယ်ချက်များ၊သတင်း၏အရေးပါပုံများကို အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားးရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ သင်တန်းနည်းပြ ဆရာများက ဆောင်းပါးများ၊သတင်းများရေးသားကြရာတွေင် အချက်အလက် စုဆောင်းခြင်း၊ ရေးသား တင်ပြပုံနည်းစနစ်များ၊ ရှောင်ရန်နှင့်ဆောင်ရန်အချက်များကို ဝန်ထမ်းများသိရှိ နားလည်စေရေးဆွေးနွေး ပို့ချခဲ့ပါသည်။

     သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ခရိုင်နှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

doca (စစ်ကိုင်း)