Main menu

တိုက်ကြီးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု

Powered by Drupal

      တိုက်ကြီးမြို့နယ်၌ မိုးစပါးများကို စတင်စိုက်ပျိုးလျက်ရှိရာ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင် (၁၂၇၈၉၃)ဧကစိုက်ပျိုးရန်ရည်မှန်းထားပြီး ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဇွန်လတွင် (၅၅၈၄၁)ဧကစိုက်ပျိုးပြီးစီး၍ စပါးစိုက်ပျိုးရာတွင် တိုက်ကြီးမြို့နယ်၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ Seeders ဖြင့်စိုက်ပျိုးခြင်း၊ ကြဲခင်းစိုက်ပျိုးခြင်း၊ ကောက်စိုက်မအသုံးပြု၍ စိုက်ခင်းစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ Seeder စိုက်ပျိုးခြင်းကို အဓိကထားဆောင်ရွက်စိုက်ပျိုးသွားမည်ဖြစ်ပါသည်။ တိုက်ကြီးမြို့နယ်တွင် ဆန်စပါးစိုက်ပျိုးခြင်းများကိုလည်း မိတ်ဖက်ဌာနများနှင့်အတူကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ဆန်စပါးသည် စားသုံးသူများအတွက် အဓိကအားထားရာဝမ်းစာဖြစ်သောကြောင့် ဆန်စပါးအထွက်တိုးရေးကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)