စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဇူလိုင်လစတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲ(ဂျပန်) တစ်တင်းလျှင် ၈၃၀၀၀ကျပ်၊ မတ်ပဲရိုးရိုး တစ်တင်းလျှင် ၈၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသော မတ်ပဲများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ယခင်ဇူလိုင်လ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း အရောင်းအဝယ်အေး၍ မတ်ပဲဈေးနှုန်းများအနည်းငယ် ကျဆင်းသွားကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(စစ်ကိုင်း)