![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၈၉_2.jpg?itok=zm9KRaQZ)
တောင်ငူမြို့ပေါ်နှင့် အနီးတဝိုက်ရှိကျေးရွာများ၏ အိမ်ခြံဝင်းများတွင်စိုက်ပျိုးထားသော မန်ကျည်းပင်များမှ မန်ကျည်းသီးအစိမ်းများကို တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရောင်းချလျက်ရှိပါသည်။ မန်ကျည်းသီကို ငါးပိချက်ချက်၍သော်လည်းကောင်း၊ ကြော်စား၍သော်လည်းကောင်း၊ ထောင်းစား၍သော်လည်းကောင်း ပုံစံမျိုးစုံဖြင့်စားသုံးနိုင်ပါသည်။
ပေါ်ခါစတွင် တစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ကျပ်၊ တစ်ပိဿာယူလျှင် ၁၃၀၀၀ကျပ်အထိ ဈေးနှုန်းရှိခဲ့ပြီး ဇူလိုင်လ၊ စတုတ္ထအပတ်တွင် လှိုင်လှိုင်ပေါ်လာပြီဖြစ်သဖြင့် တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀ကျပ်၊ တစ်ပိဿာယူလျှင် ၁၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။
မန်ကျည်းသီးစိမ်းများသည် အများကြိုက်နှစ်သက်သည့်အပြင် ဈေးနှုန်းလည်းသင့်တင့်သဖြင့် ရောင်းအားကောင်းကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)