![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၉၁_3.jpg?itok=LV89G3X_)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သည် ဆန်အခြေခံထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သော မုန့်ဟင်းခါးခြောက်လုပ်ငန်းများ များစွာရှိသည့်ခရိုင်ဖြစ်ပါသည်။ စားသုံးသူရေးရာ ဦးစီးဌာနသို့ ကုန်အညွှန်းအမှတ်အသားများစိစစ်ပေးနိုင်ပါရန် တင်ပြသည့်စာရင်းအရ လုပ်ငန်းရှင် ၁၂ဦးက အမှတ်တံဆိပ် ၂၄မျိုးဖြင့် ထုတ်လုပ်ကြသည်ကိုတွေ့ရပါသည်။
မုန့်ဟင်းခါးခြောက်သည် တာရှည်စွာအထားခံသည့်အပြင် ပွက်ပွက်ဆူသောရေနွေးတွင် ၁၅မိနစ်ခန့်ပြုတ်ရုံဖြင့် စိတ်ကြိုက်အလွယ်တကူစားနိုင်သဖြင့် လူကြိုက်များသည့် စားသောက်ကုန် ဖြစ်ပါသည်။ ဈေးနှုန်းလည်းသင့်တင့်သဖြင့် ဈေးကွက်ဝင်၍ ရောင်းအားကောင်းပါသည်။
မုန့်ဟင်းခါးခြောက်များသည် ဇွန်လတွင် တစ်ထုပ်လျှင် ၄၅၀ကျပ်သာရှိခဲ့သော်လည်း ဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်ထုပ်လျှင် ၆၀၀ကျပ်ဖြင့် တစ်လအတွင်း ၁၅၀ကျပ်ဈေးနှုန်းမြင့်တက်သွားပါသည်။ တောင်ငူခရိုင်မှထွက်ရှိသော မုန့်ဟင်းခါးခြောက်များကို မြန်မာနိုင်ငံနေရာအနှံ့အပြားသို့တင်ပို့ရောင်းချရပြီး တချို့မှာ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံအထိတင်ပို့ရကြောင်း သိရပါသည်။
DOCA(ပဲခူး)