Main menu

တောင်ငူမြို့တွင် ဘိလပ်မြေဈေးအနည်းငယ်ကျ

Powered by Drupal

       တောင်ငူမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၍ ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ဘိလပ်မြေဈေးနှုန်းမှာ ကြံနှစ်ကောင်(အနီ)တစ်အိတ်လျှင် ၁၀၆၀၀ကျပ်ရှိခဲ့ရာမှ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၉၆၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၁၀၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

       Apache အမှတ်တံဆိပ် ဘိလပ်မြေနှင့် Alpha အမှတ်တံဆိပ် ဘိလပ်မြေများမှာ ဇွန်လတွင် တစ်အိတ်လျှင် ၁၀၂၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၉၄၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၈၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

         Max အမှတ်တံဆိပ် ဘိလပ်မြေမှာ ဇွန်လတွင် တစ်အိတ်လျှင် ၉၇၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၉၃၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၄၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

        မိုးရာသီကာလဖြစ်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများနည်းပါးသဖြင့် ဘိလပ်မြေဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်လည်းပါးကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)