![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၁၉_5.jpg?itok=Xe7pv274)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် အာလူးကို မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချပြီး ယခုအချိန်တွင် အာလူးကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့မှ အများဆုံးမှာယူရောင်းချကြောင်းသိရသည်။
မိုးတွင်းကာလဖြစ်၍ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့် သယ်ယူစရိတ်မြင့်မားခြင်းတို့ကြောင့် အာလူးဈေးမြင့်တက်ရခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် အာလူးအလုံးကြီး(၁)ပိဿာလျှင် ကျပ်(၄၂၀၀)၊ အလတ်(၁)ပိဿာလျှင် ကျပ်(၄၀၀၀)ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ထက် ယခုအပတ်တွင် ကျပ်(၄၀၀-၅၀၀)ဈေးနှုန်းမြင့်တက်လာကြောင်းသိရပါသည်။
DOCA(မကွေး)