ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၃-၃-၂၀၂၂) ရက်နေ့ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCCP)တွင် ပါဝင်သည့် ပြန်ကြားဆက်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Communication Plan) အရ စားသုံးသူပြည်သူများ၊ လုပ်ငန်းရှင်များနှင့် ထိရောက်လျှင်မြန် ချောမွေ့စွာဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Consumer Call Center ကို တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လမှ စ၍ စမ်းသပ်ကာလအဖြစ် ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိခဲ့၍ ဆက်သွယ်စုံစမ်းတိုင်ကြား လိုပါက Call Center ဖုန်းနံပါတ်ကို ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ Consumer Information and Complaint Center (CICC) စင်တာများတွင်လည်း တိုင်ကြားနိုင်ပါကြောင်း ကုန်စည်နှင့်ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြသည့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့၏ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ၏ ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များကို သိရှိလိုပါက စုံစမ်းမေးမြန်းနိုင်ပါကြောင်း ရှင်းလင်းချပြကာ စားသုံးသူ ရေးရာကိစ္စများမေးမြန်းဖို့ Consumer Call Center သို့ ချိတ်ဆက်စို့ Consumer Call Center မီဒီယာကမ်ပိန်းအတွက် ပေးပို့ထားသောလက်ကမ်းစာစောင်များအား စားသုံးသူများသိရှိစေရေးအတွက် လူစည်ကားသော မြို့မဈေး၊ မြို့နယ်များသို့ပြေးဆွဲနေသော အမြန်ရေယာဉ် (ရွှေပြည်တန်) ဆိပ်ကမ်း၊ အဝေးပြေးကားဂိတ်များနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ကြော်ငြာသင်ပုန်းများတွင် ကြော်ငြာကပ်ခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန ဝန်ထမ်းများနှင့် အသင်းအဖွဲ့လုပ်ငန်းရှင်များသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)