Main menu

ပြည်ဘိုကိတ်ပဲ ယခင်နှစ်ထက် ဈေးကောင်းပိုရနေ

Powered by Drupal

        ပြည်ပဲဈေးကွက်၌ ပဲသစ်ဝင်ရောက်ခြင်းမရှိဘဲ လက်ကျန်ပဲများဖြင့်သာရောင်းဝယ်နေကြသော ပဲသီးနှံထဲတွင် ဘိုကိတ်ပဲသီးနှံလည်းပါဝင်နေပြီး လက်ကားရောင်းဝယ်မှုအပြင် လက်လီသမားများကလည်း နေ့စဉ်အဝယ်ရှိကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက်လျှင် အိတ်၅၀ကျော်ရောင်းဝယ်ခဲ့ကြပြီး လက်လီရောင်းဝယ်မှုမှာမူ တစ်ရက်လျှင် အိတ် ၂၀ကျော်သာရောင်းချမှုရှိခဲ့ကြပါသည်။ ဘိုကိတ်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ၉၅၀၀၀ကျပ်ဖြင့်ရောင်းဝယ်ခဲ့ကြရသည့်အတွက် အခြားပဲများနှင့်ယှဉ်လျှင် ဈေးအေးနေသော်လည်း ယခင်နှစ်နှင့်ယှဉ်သည့်အခါ တစ်တင်းလျှင် ကျပ် ၃သောင်းကျော်မြင့်တက်လာခဲ့ပါသည်။ ယခင်နှစ် ကာလတူအချိန်၌ ပဲဈေးကွက်အတွင်း ဘိုကိတ်ပဲသီးနှံမှာ တစ်တင်းလျှင် ၆၀၀၀၀ကျပ်ဖြင့်ရောင်းဝယ်ခဲ့သည့်အတွက် ဈေးကွက်၌ အခြားပဲများထက်ဈေးအေးခဲ့သော်လည်း ယခုနှစ်တွင်မူ ပြည်ပဝယ်လက်ပဲတချို့ထက် ဈေးပိုရရှိခဲ့ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ပဲခူး)