Main menu

ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လ ဒုတိယပတ်ရှိ ပဲမျိုးစုံဈေးနှုန်း

Powered by Drupal

         ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်းသိရပါသည်။

    ဩဂုတ်လ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၁၂၄၀၀၀-၁၂၄၅၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၂၀၀ခန့်တင်ပို့ပါသည်။ ပဲတီစိမ်းအသစ်များလည်းအဝင်ရှိပြီး တစ်တင်းကို (၅၅၀၀၀-၆၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစင်းငုံ(နီ)တစ်တင်းကို (၁၄၇၅၀၀-၁၄၈၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀/၂၅၀) ခန့်ရှိပါသည်။ ကုလားပဲဟော်လန်တစ်တင်းကို ၁၀၁၅၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို (၁၀၅၀၀၀-၁၀၆၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအဝယ်တစ်ရက်လျှင် အိတ် (၂၀၀/၃၀၀) ခန့်အဝယ်ရှိပါသည်။ ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၉၀၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ် ၂၀၀ခန့်အဝယ်ရှိပါသည်။  ဘိုကိတ်ပဲတစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် မြို့တွင်းနှင့် ရန်ကုန်အဝယ်မှာ အိတ် (၁၅၀/၂၀၀) ခန့်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လ ဒုတိယပတ်၏ ပဲအရောင်းအဝယ်ဖြစ်မှုမှာ သွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)