Main menu

နာနတ်သီးများ ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်

Powered by Drupal

        နာနတ်သီးသည် အရည်ရွှမ်း၊ အနံ့မွှေး၍ အရသာကောင်းမွန်သည့်အပြင် ဗီတာမင်နှင့် သတ္ထုဓာတ်များစွာကြွယ်ဝသဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်ကြောင်းသိရှိရပါသည်။ နာနတ်သီးသည် အာဟာရပြည့်ပြီး အရသာရှိသည့်အသီးလည်းဖြစ်ပါသည်။ ယခုအချိန်သည် နာနတ်သီးပေါ်သည့်ရာသီဖြစ်သည့်အလျောက် နာနတ်သီးများကို နေရာအနှံ့လိုလိုတွင်ရောင်းချကြကြောင်းကိုလည်းတွေ့ရှိရပါသည်။ နာနတ်သီးဖျော်ရည်သည်လည်း လူကြိုက်များသည့် အဖျော်ယမကာစာရင်းဝင်ဖြစ်ပြီး အပူပိုင်းဒေသများတွင် ပိုမိုရရှိနိုင်ပါသည်။ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများတွင် နာနတ်သီးဖျော်ရည်သောက်သုံးမှုပိုမိုများပြားကြပြီး သာမန်အသီးဖျော်ရည်အနေဖြင့်မဟုတ်ဘဲ ဆေးဘက်ဝင်သော အသီးဖျော်ရည်အနေဖြင့်ပါ သောက်သုံးကြသည်ကိုလည်းတွေ့ မြင်ရပါသည်။

       ပြည်မြို့ရှိ စည်ပင်သာယာဈေးကြီးအတွင်းနှင့် ဈေးအနီးရှိ သစ်သီးမျိူးစုံရောင်းချသောပွဲရုံများနှင့် သစ်သီးဆိုင်များတွင် ၂၀၂၄ခုနှစ်၊ သြဂုတ်လ တတိယပတ်တွင် မန္တလေးပွဲရုံများမှ မှာယူ‌ ရောင်းချလျက်ရှိသော နာနတ်သီးဈေးများမှာ အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၂၂၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၁၇၀၀)ကျပ်တို့ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိ ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)