Main menu

ပြည်မြို့၏ ခဝဲရှည်သီးဈေးကွက်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာတွင် တောင်သူ ဦးခင်မောင်ချင်း၏ ဥယျာဉ်ခြံမြေ၌ ခဝဲရှည်သီးများကို မိသားစုအပိုဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားပါသည်။ ထွက်ရှိလာသော ခဝဲရှည်သီးများကို ပြည်မြို့နယ်၊ မြို့သစ်ဈေးတွင် လက်လီ/ လက်ကားများဖြင့် ပြန်လည်ရောင်းချကြောင်းသိရသည်။

       ခဝဲရှည်သီးပင်ကို ဝါးတိုင် (၃၀၀)ဖြင့်တိုင်ထောင်ပြီး စတင်စိုက်ပျိုးကာ ဇူလိုင်လတွင် အသီးများစတင်သီးပြီး ဩဂုတ်လ ပထမပတ်တွင် လှိုင်လှိုင်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်းသိရသည်။ အသီးများမှာ အပင်(၃၀၀)ကို အသီး (၁၅၀)ခူးရကြောင်း၊ အသီးများကို တစ်ပတ်လျှင် (၂)ကြိမ်ခူးရကြောင်းသိရသည်။

        သြဂုတ်လ တတိယပတ်တွင် ခဝဲရှည်သီးဈေးနှုန်းများနှာ အသီးအရွယ်အစားပေါ်မူတည်ပြီး ရောင်းချကြောင်းသိရသည်။ ခဝဲရှည်သီးအတောင့်တစ်တောင့်လျှင် လက်လီဈေး (၅၀၀)ကျပ်ဖြစ်ပြီး လက်ကားဈေးမှာ (၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)