Main menu

ပေါက်ခေါင်းမြို့နယ်၌ ဆပ်ပြာဆီနှင့် ဆပ်ပြာအမျိုးမျိုးထုတ်လုပ်လျက်ရှိ

Powered by Drupal

       ပေါက်ခေါင်းမြို့နယ်၌ MSMEs လုပ်ငန်းအဖြစ် ဆပ်ပြာနှင့် ဆပ်ပြာအမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိပါသည်။ ထိုအထဲတွင် ဖြူစင်ရှင်းသန့် ဆပ်ပြာဆီလုပ်ငန်းလုပ်ကိုင်သည့် ဒေါ်သီတာနှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဒေါ်သီတာသည် ပေါက်ခေါင်းမြို့နယ်၊ ကမ္မကြီးကျေးရွာ၊ ငါးခူအိုင်အုပ်စုတွင်နေထိုင်၍ ၂၀၂၃ခုနှစ်မှစတင်၍ ဆပ်ပြာဆီလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ ဆပ်ပြာကုန်ကြမ်းများကို ပြည်မြို့ရှိ စိန်ရတီစတိုးဆိုင်မှဝယ်ယူပြီး ဆပ်ပြာခရင်မ်၊ ဘက်စုံသုံးဆပ်ပြာနှင့် ရှားစောင်းမျက်နှာသစ်ဆပ်ပြာအမျိုးမျိုးကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် ဆပ်ပြာခရင်မ် (၁၆)ဘူး၊ ဘက်စုံသုံးဆပ်ပြာရေ (၁၅)ဘူးနှင့် ရှားစောင်းလက်ပတ်မျက်နှာသစ်ဆပ်ပြာခဲ (၁၅)ခဲခန့်ထုတ်လုပ်နိုင်ပြီး မြို့နယ်အတွင်းရှိကျေးရွာများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ရောင်းချသောဈေးနှုန်းများအနေဖြင့် သြဂုတ်လ၊ တတိယအပတ်တွင် ဆပ်ပြာခရင်မ်တစ်ဘူးလျှင် ၂၅၀၀ကျပ်၊ ဘက်စုံသုံးဆပ်ပြာတစ်ဘူးလျှင် ၁၂၀၀ကျပ်၊ ရှားစောင်းမျက်နှာသစ်တစ်ခဲလျှင် ၃၀၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)