ကယားပြည်နယ်သည် အစေ့ထုတ်ပြောင်းကို စီးပွားဖြစ်အဓိကစိုက်ပျိုးသောဒေသ ဖြစ်ပါသည်။ အစေ့ထုတ်ပြောင်းကို လွိုင်ကော်ခရိုင်တွင် အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အစေ့ထုတ်ပြောင်း(မိုး) စိုက်ပျိုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက (၅၁,၇၃၈)ဧက၊ ရိတ်ဧက(၅၁,၇၃၈)ဧက၊ တစ်ဧက အထွက်နှုန်းမှာ(၆၄.၇၅)တင်း၊ စုစုပေါင်းထွက်ရှိမှုမှာ(၃,၃၅၀,၀၇၂)တင်းထွက်ရှိပါကြောင်းနှင့် အစေ့ထုတ်ပြောင်း (ဆောင်း)စိုက်ပျိုးမှုမရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အစေ့ထုတ်ပြောင်း(မိုး) စိုက်ပျိုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက(၅၉,၉၆၄)ဧက၊ ရိတ်ဧက(၅၉,၉၃၈)ဧက၊ တစ်ဧက အထွက်နှုန်းမှာ(၆၄.၈၇)တင်း၊ စုစုပေါင်းထွက်ရှိမှုမှာ (၃၈၈၈၁၂၀) တင်းထွက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း(ဆောင်း)စိုက်ပျိုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက (၂၅) ဧက၊ ရိတ်ဧက (၂၅)ဧက၊ တစ်ဧကအထွက်နှုန်းမှာ(၆၃.၁၂)တင်း၊ စုစုပေါင်းထွက်ရှိမှုမှာ (၁,၅၇၈) တင်း ထွက်ရှိပါသည်။
သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အစေ့ထုတ်ပြောင်း (မိုး/ဆောင်း) စုစုပေါင်းစိုက်ပျိုးထွက်ရှိမှုမှာ စိုက်ဧက(၅၉,၉၈၉)ဧက၊ ရိတ်ဧက(၅၉,၉၆၃) ဧက၊ တစ်ဧက အထွက်နှုန်းမှာ(၆၄.၈၇)တင်း၊ စုစုပေါင်းထွက်ရှိမှုမှာ(၃,၈၈၉,၆၉၈)တင်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဌာနမှ သိရှိရပါသည်။
ယခု(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်နှင့်ယခင် (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တို့၏ စုစုပေါင်း စိုက်ပျိုးထွက်ရှိမှုတို့ကို နှိုင်းယှဉ်ကြည့်လျှင် (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်မှာ စိုက်ဧက (၈,၂၅၁)ဧက၊ ရိတ်ဧက(၂,၈၂၅)ဧက၊ စုစုပေါင်းထွက်ရှိမှုမှာ(၅၃၉,၆၂၆)တင်းတို့ လျှော့နည်းလာသည်ကိုတွေ့ရှိရပြီး စိုက်ပျိုးထွက်ရှိမှု လျော့နည်းလာရခြင်းမှာ ပြောင်းမျိုးစေ့နှင့် သွင်းအားစုများ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် စိုက်ပျိုးနိုင်မှုလျော့နည်းလာခြင်းဖြစ်သည်ဟု ပြောင်းစိုက်တောင်သူတစ်ဦးထံမှ ရှိရပါတယ်။
DOCA(ကယား)