စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးနှင့် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကား ကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက် ရှိသည်။
၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးရှိ အာလူးသီးနှင့် ခရမ်းချဉ် သီးဈေးနှုန်းများမှာ အာလူးသီး(၁)ပိဿာလျှင်ငွေကျပ် ၃၀၀၀-၄၀၀၀ ၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ငွေကျပ် ၂၀၀၀-၂၅၀၀ ဖြင့်ရောင်းချကြောင်း ဩဂုတ်လ တတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက အာလူးသီး(၁)ပိဿာလျှင်ငွေကျပ်၅၀၀ နှင့် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ငွေကျပ် ၁၀၀၀ ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)