Main menu

မုံရွာမန်ကျည်းဈေးကွက်

Powered by Drupal

          မုံရွာမြို့၏ မန်ကျည်းဈေးကွက်၌ ၂၀၂၂ခုနှစ် မတ်လတတိယပတ်တွင် မန်ကျည်းအဝင်များလာသည့်အတွက် ဈေးမှာအနည်းငယ်ကျဆင်းနေကြောင်း မန်ကျည်းရောင်းချသူ ဈေးဆိုင်များမှ သိရှိရသည်။ မတ်လပထမပတ်က မန်ကျည်းအဟောင်းများသာရှိပြီး ယခုမတ်လ တတိယပတ်တွင် အသစ်များ ဝင်ရောက်လာသည့်အတွက် ဈေးကျဆင်းနေကြောင်း၊ မန်ကျည်းအဟောင်း တစ်ပိဿာ ၄၀၀၀ ကျပ် ဈေးရှိရာမှ အသစ်ဝင်လာချိန်တွင် မန်ကျည်းအဟောင်း တစ်ပိဿာ ၃၅၀၀ ကျပ်၊ အသစ် တစ်ပိဿာ ၃၉၀၀ ကျပ် ဈေးဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ရမည်းသင်းဒေသမှ မန်ကျည်းအသစ် အဝင်များပြီး ဒေသတွင်းမှအဝင်နည်းနေကြောင်း၊ တစ်ပတ်လျှင် ပိဿာ ၃၅၀ ခန့် ဝင်ရောက်လျက်ရှိပြီး မန်ကျည်းဖျော်ရည်လုပ်ငန်းရှင်များ၊ မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များက ဝယ်ယူမှုများသောကြောင့် ဈေးနှုန်းကျဆင်းနေသော်လည်း အရောင်းအဝယ်သွက်နေကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)