မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်း ဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၄၅၀၀၀)၊ နှမ်းဖြူ (၁) တင်းလျှင် ကျပ်(၁၅၈၀၀၀)၊ ဂျပန်နှမ်းဖြူ (၁)တင်းလျှင် (၁၆၀၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၂၅၀၀၀)၊ နှမ်းညိုကြား (၁)တင်းလျှင် ကျပ်(၁၄၀၀၀၀)ဖြစ်ပြီး ဩဂုတ်လ(ဒုတိယပတ်)နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် နှမ်းနီ ကျပ်(၈၀၀၀)၊ နှမ်းဖြူ ကျပ်(၁၅၀၀၀)၊ ဂျပန်နှမ်းဖြူ ကျပ်(၁၀၀၀၀)၊ နှမ်းနက်(စမုံ) ကျပ်(၁၀၀၀၀)၊ နှမ်းညိုကြား ကျပ်(၁၀၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ အိတ်ရေ (၆၁၆၂၀)တင်ပို့ခဲ့ပြီး တန်ချိန်(၇၅၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)