Main menu

သဲကုန်းမြို့နယ်တွင် မန်ကျည်းသီးစိမ်းများလှိုင်လှိုင်ထွက်ရှိ

Powered by Drupal

      နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရာသီကာလ မန်ကျည်းသီးစိမ်းများထွက်ချိန်ဖြစ်ပြီး ယခုဩဂုတ်လ တတိယပတ်တွင် မန်ကျည်းသီးစိမ်းများ လှိုင်လှိုင်ထွက်လျက်ရှိပါသည်။ ယခင်နှစ်တွင် ပေါ်ဦးစမန်ကျည်းသီးစိမ်း လက်ကားတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဈေးရှိခဲ့ပြီး ၂၀၂၄ခုနှစ် ပေါ်ဦးစတွင် မန်ကျည်းသီးစိမ်း  လက်ကားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး ယခုလှိုင်လှိုင်ထွက်ရှိချိန် ဩဂုတ်လ တတိယပတ်တွင် မန်ကျည်းသီးစိမ်း  လက်ကားတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှုန်းသာရှိသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းသိရပါသည်။

       ထွက်ရှိလာသော မန်ကျည်းသီးစိမ်းများကို ဒေသတွင်းတွင် ရောင်းချရုံသာမက ကုန်စိမ်းဒိုင်များမှတစ်ဆင့် ပြည်နှင့် ရန်ကုန်မြို့များသို့ ကုန်စိမ်းကားများဖြင့် နေ့စဉ် တင်ပို့ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)