![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ကြက်သွန်နီ 1_20.jpg?itok=45LaQl_Q)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ရေစကြို၊ ပေါက်၊ ကမ္မ၊ရေပြာနယ်များမှ ဆောင်စိုက်ပင်စိုက် ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ ပခုက္ကူမြို့နယ်ကြက်သွန်နီ စိုက်ပျိုးရာဒေသများသာမက အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်နေကြောင်း ကြက်သွန်နီ ကုန်သည်များထံမှ သိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)အတွင်း အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ လက်ကားဈေးနှုန်းများမှာ ယောစထိပ်စတစ်ပိဿာလျှင် ကျပ်(၁၇၇၅)၊ အလတ်စ တစ်ပိဿာလျှင်ကျပ်(၁၄၅၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၂၀၀)၊ ပုလဲစထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၆၀၀)၊ အနိမ့်တစ်ပိဿာလျှင် ကျပ်(၁၃၀၀)ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။
မြို့မစည်ပင်ဈေး၊အမှတ်(၂)ဈေး နှင့် ပျံကျဈေးတို့တွင် ရောင်းချနေသော ကြက်သွန်နီ လက်ကားဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် (၂၅၀၀) ၊အလတ်စတစ်ပိဿာလျှင်ကျပ် (၂၃၀၀) ၊အနိမ့် တစ်ပိဿာလျှင် ကျပ် (၂၀၀၀)ဈေးတို့ဖြင့် ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သောနေ့စဉ်ကုန်ချိန်မှာ တစ်နေ့လျှင် ကုန်ချိန် (၂၀၀၀၀ မှ ၅၀၀၀၀)ထိ အရောင်းအဝယ်ဖြစ်ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း ရန်ကုန်နှင့် မော်လမြိုင်မြို့များသို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)