Main menu

ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေး၌ ဖြစ်ပေါ်နေသော ကြောင်လျှာသီးဈေးနှုန်းနှင့် ကျန်းမာရေးကောင်းကျိုး/ဆိုးကျိုးများ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြရာ ရာသီပေါ်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအပြင် မိသားစု တစ်နိုင်တစ်ပိုင်အနေဖြင့် နှစ်ရှည်သီးနှံဖြစ်သည့် ကြောင်လျှာသီးကို အိမ်ခြံစည်းရိုးတစ်လျှောက်တွင် စိုက်ပျိုးလာကြပြီး ကန့်ဘလူမြို့နယ်ကျေးရွာများနှင့်  မြို့ပေါ်ရပ်ကွက်များက မိုးမလင်းဈေးသို့ လာရောက်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

      ကြောင်လျှာသီးကို မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးဖြင့် ကြော်/ ချက်/ ပြုတ်/ သုပ်၍ အသုံးပြုနိုင်သည့်အပြင် ကြက်သားနှင့်ရောချက်ခြင်းဖြင့် ပန်းနာရင်ကြပ်ရောဂါ ပျောက်ကင်းစေခြင်း၊ ကြောင်လျှာသီးကို ငါးရံ့နှင့်ရောချက်ခြင်းဖြင့် ကာလဝမ်းရောဂါပျောက်ကင်းစေခြင်း၊ အစာမကြေရောဂါ၊ ဝမ်းပျက်ရောဂါတို့ကိုပျောက်ကင်းစေကြောင်း၊ ကြောင်လျှာသီးကို ပုစွန်နှင့်ရောချက်ခြင်းဖြင့် နှလုံးလေရိုက်ခြင်း၊ နှလုံးတုန်ခြင်း၊ ရင်တုန်ခြင်း စသည်တို့ကို ပျောက်ကင်းစေကြောင်း၊ ကြောင်လျှာသီးနှင့်ငါးသားလောက်ရောချက်စားခြင်းဖြင့် အဖောအရောင်ကျစေ၍ လူကိုဝဖြိုးစေပြီး နှလုံးအားနည်းခြင်းကို‌ပျောက်ကင်းစေခြင်း၊ ကြောင်လျှာသီးနှင့်ငါးမြွေထိုးချက်စားပါက ဒူလာသွေးဝမ်း၊ မီးယပ်သွေးဝမ်းနှင့် မြင်းသရိုက်ရောဂါတို့ကို ပျောက်ကင်းစေခြင်းနှင့် ကြောင်လျှာသီးသည် အခါးဓာတ်ဖြစ်သည့်အတွက် သည်းခြေအားကောင်းစေခြင်း၊ အသည်းပျက်စီးခြင်းကိုကာကွယ်ပေးခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိနိုင်ကြောင်းသိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊    ယခုဩဂုတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ကြောင်လျှာသီးဈေးနှုန်းများမှာ ကြောင်လျှာသီး(ကြီး) တစ်တောင့်လျှင် (၁၅၀၀)ကျပ်၊ ကြောင်လျှာသီး (လတ်)တစ်တောင့်လျှင် (၁၂၀၀)ကျပ်၊ ကြောင်လျှာသီး(သေး)တစ်တောင့်လျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)