Main menu

မကွေးမြို့နယ်၊ နွားကူးကျေးရွာရှိ အောင်ကောင်းစံနှင့် ရွှေရောင်သန့်စင်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းအား ကွင်းဆင်း‌လေ့လာခြင်း

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံသည် (၂၆-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့နယ်၊ နွားကူးကျေးရွာရှိ အောင်ကောင်းစံအမှတ်တံဆိပ်နှင့် ရွှေရောင်သန့်စင်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းရှင်၏ ဖြစ်ပေါ်နေသောအခြေအနေ၊ အခက်အခဲနှင့် လိုအပ်ချက်များအား ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

    “အောင်ကောင်းစံ” အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းတွင် လုပ်သားအမျိုးသား(၆)ဦးနှင့် အမျိုးသမီး (၅)ဦးရှိပြီး တစ်ရက်လျှင် အမျိုးသားတစ်ဦး (၁၂၀၀၀)ကျပ်နှုန်း၊ အမျိုးသမီးတစ်ဦး (၁၀၀၀၀) ကျပ်နှုန်းနှင့် ပဲရွေးအမျိုးသမီးများအား (၃၀)ပိဿာဝင်တစ်အိတ်လျှင် (၅၀၀)ကျပ်ပေးချေရကြောင်း၊ တစ်ရက်လျှင် ပဲကြီး (၃၀)ပိဿာဝင် (၂၆)အိတ်ခန့်ကြော်ရပြီး တစ်ရက်လျှင် စားအုန်းဆီ (၄၄၀)ပိဿာခန့်သုံးစွဲရပြီး ထွက်ရှိသောကုန်ချောပဲကြော်များအား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများသို့ တင်ပို့ဖြန့်ချိရကြောင်း၊ “ရွှေရောင်သန့်စင်” အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းတွင် လုပ်သားအမျိုးသား (၅)ဦး၊ အမျိုးသမီး (၁၀)ဦးရှိပြီး တစ်ရက်လျှင် အမျိုးသားတစ်ဦး (၁၂၀၀၀) ကျပ်နှုန်း၊ အမျိုးသမီးတစ်ဦး (၁၀၀၀၀)ကျပ်နှုန်းနှင့် ပဲရွေးအမျိုးသမီးများအား (၃၀)ပိဿာဝင် ပဲတစ်အိတ်လျှင် (၅၀၀)ကျပ်ပေးချေရကြောင်း၊ တစ်ရက်လျှင် ကုန်ကြမ်းပဲကြီး (၃၀)ပိဿာဝင် (၂၆)အိတ်ကြော်ရပြီး ထွက်ရှိသောကုန်ချောပဲကြော်များအား ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များသို့ တင်ပို့ဖြန့်ချိရကြောင်းနှင့် တစ်ရက်လျှင် စားအုန်းဆီ (၄၄၀)ပိဿာခန့်သုံးစွဲရပြီး လုပ်ငန်းသုံးဆီများရရှိရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီချိတ်ဆက်ဆောင်ရွက်လျက်ရှိခြင်းကြောင့် လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ပြီး နီးစပ်ရာရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား အလုပ်အကိုင်များဖန်တီးပေးလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)