Main menu

ကျိုင်းတုံမြို့ထွက် သဘာဝစစ်စစ် အော်ဂဲနစ် ရင်ကွဲသရက်သီး

Powered by Drupal

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်လော့ကျေးရွာတွင်း ရင်ကွဲသရက်သီးကို ဒေသခံ တောင်သူ()ဦး၏ လယ်ယာမြေတွင် ()ဧက စိုက်ပျိုးထားကြောင်းသိရှိရပြီး သဘာဝအော်ဂဲနစ် စစ်စစ်အပင်များဖြစ်သည့်အတွက်  စိုက်ပျိုးသူများက မိုးမရွာလျှင် ရေလောင်း၍ စနစ်တကျ ဂရုစိုက်ပြုစုပျိုးထောင်ပေးပါက အသီးများပိုမိုတင်ကြောင်း၊ အလုပ်သမားခအနေဖြင့် ()နှစ်လျှင် (၃၆၀၀၀၀)ကျပ် ကုန်ကျလျက်ရှိကြောင်း စိုက်ပျိုးသူတောင်သူ ()ဦးထံမှ သိရှိရပါသည်။

    အဆိုပါရင်ကွဲသရက်သီးအမျိုးအစားမှာ အကိုင်းဆက်အပင်များ မဟုတ်သောကြောင့် နဂိုမှုလအပင်များဖြစ်သည့်အတွက် အပွင့်အသီးများဖြစ်ထွန်းရန် ()နှစ်မှ ()နှစ် အချိန်ယူပြီး ဇူလိုင်လ နောက်ဆုံးအပတ်နှင့် ဩဂုတ်လမှစတင်၍ အသီးများခူးဆွတ်ပြီး ကျိုင်းတုံမြို့မဈေးကြီးတွင် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထိုသဘာဝစစ်စစ် အော်ဂဲနစ် သရက်သီးများကို ဈေးကွက်တွင် ()ကီလို (၂၀၀၀)ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)