Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ စတုတ္ထအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၉၀၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၁၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၁၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၃၄၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၉၆၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၉၆၀)ကျပ် ဖြစ်ပါသည်။

    ကျိုင်းတုံမြို့ရှိ ဩဂုတ်လ စတုတ္ထအပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MPE) (50)kg တစ်အိတ်လျှင် (၁၈၁၅၀၀)ကျပ်၊ တီစူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်၊ တီစူပါ (may) (၁)လီတာလျှင် (၈၂၅၀၀)ကျပ်၊ ယူရီးယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ် ဖြစ်ပါသည်။

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဘိလပ်မြေဈေးနှုန်းနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် ဩဂုတ်လ တတိယအပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိပါသည်။ တာချီလိတ်မြို့၏ ဘိလပ်မြေဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါ သည်။

DOCA(ရှမ်း)