Main menu

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    မကွေးကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံသည် ယခင်အပတ်(၁၈.၃.၂၀၂၂)မှ ယခုအပတ် (၂၅.၃.၂၀၂၂) အထိ အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ဈေးနှုန်းများပြောင်းလဲမှုမရှိဘဲ နှမ်းနက်စမုံ(၅၀.၁၂)တန်၊ နှမ်းနက်ရိုးရိုး(၂၀.၈၄)တန်၊ နှမ်းဖြူ(မကွေး)(၄၀.၃၂)တန်၊ နှမ်းနီ(၁၀.၄၃)တန်၊ နှမ်းညိုကြား (၂၀.၂၈)တန် တို့ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ပဲမျိုးစုံအနေဖြင့် ကုလားပဲကြီး ( 929) (၁၉) ပိဿာ (၁) တင်းလျှင် ယခင်အပတ် (၄၃၀၀၀) ကျပ်၊ ယခုအပတ် (၄၁၅၀၀)ကျပ်ဖြစ်၍ (၁၅၀၀)ကျပ်ဈေးလျော့၊ ကုလားပဲလုံးသေး(၁၉)ပိဿာ (၁) တင်းလျှင် ယခင်အပတ်(၄၂၀၀၀)ကျပ်၊ ယခုအပတ်(၄၀၀၀၀)ကျပ်ဖြစ်၍ (၂၀၀၀)ကျပ်ဈေးလျော့၊ ကုလားပဲ (HL) (၁၉)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၄၂၈၀၀)ကျပ်၊ ယခုအပတ်(၄၁၀၀၀)ကျပ် ဖြစ်၍ (၁၈၀၀)ကျပ်ဈေးလျော့၊ ထောပတ်ပဲ(၁၉)ပိဿာ (၁) တင်းလျှင် ယခင်အပတ်(၄၇၀၀၀)ကျပ်၊ ယခုအပတ်(၄၃၀၀၀)ကျပ်ဖြစ်၍ (၄၀၀၀)ကျပ်ဈေးလျော့၊ စားတော်ပဲ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၉၅၀၀၀)ကျပ်၊ ယခုအပတ်(၈၉၀၀၀)ကျပ်ဖြစ်၍ (၆၀၀၀)ကျပ်ဈေးလျော့၊ မတ်ပဲ(၂၀) ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၄၄၅၀၀)ကျပ်၊ ယခုအပတ်(၄၇၀၀၀)ကျပ်ဖြစ်၍ (၂၅၀၀)ကျပ် ဈေးမြင့်၊ ပဲစဉ်းငုံနီ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၄၃၅၀၀)ကျပ်၊ ယခုအပတ်(၄၃၇၀၀) ကျပ်ဖြစ်၍ (၂၀၀)ကျပ်ဈေးမြင့်ပြီး ကျန်ပဲအမျိုးအစားများဖြစ်သော ပဲတီစိမ်း၊ ပဲနောက်၊ ပဲလွန်းဝါ ၊ ပဲကြီးဖြူနှင့် ပဲကြီးမဲတို့မှာ ဈေးနှုန်းတည်ငြိမ်လျက် ရှိပါသည်။

    ယခင်အပတ်(၁၈.၃.၂၀၂၂)မှ ယခုအပတ်(၂၅.၃.၂၀၂၂)အထိ ပဲနောက်(၅.၇၆)တန်၊ ပဲလွန်းဝါ (၃၅.၃၈)တန်၊ ကုလားပဲသေး(၄၀၀.၄၂)တန်၊ ပဲကြီးဖြူ (၁၀၀.၄၆)တန်၊ စားတော်ပဲ (၃၀.၃၃)တန်၊ မတ်ပဲ(၆၀.၂၀)တန်၊ ထောပတ်ပဲ(၂၀၀.၃၃)တန်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မကွေး ကုန်စည်ဒိုင်မှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)