Main menu

ကန့်ဘလူမြို့နယ်အတွင်း မြေပဲသီးနှံများ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိုးရာသီသီးနှံဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်းနှင့် မြေပဲ စသည်တို့ကို စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ယခု ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် မြေပဲသီးနှံများ  ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက် လျက်ရှိပြီး မြေပဲသီးနှံများကို ကန့်ဘလူမြို့၊ တောက္ကရှပ်အုပ်စု၊ နတ်ပေးအုပ်စု၊ ဝက်တိုးအုပ်စု၊ မြေထူးအုပ်စု၊ သင်မန်းတောအုပ်စုနှင့် ကျွန်းလှမြို့နယ်အတွင်းမှ အနည်းငယ်ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

       ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(နောက်ဆုံးအပတ်)တွင် မြေပဲအတောင့် ဈေးနှုန်းအနေဖြင့် မြေပဲအတောင့်တစ်တင်းလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ယခင် ၂၀၂၃ခုနှစ်၊  ဩဂုတ်လတွင် မြေပဲအတောင့်ဈေးနှုန်းမှာ တစ်တင်းလျှင် (၃၀၀၀၀)ကျပ်ဈေးရှိခဲ့သဖြင့်  ယခုနှစ်တွင် မြေပဲအတောင့်ဈေးနှုန်း မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် မိမိတို့ပွဲရုံမှသီးနှံများကို မန္တလေးမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရပါသည်။

DOCA(စစ်ကိုင်း)