Main menu

ခဝဲသီးစိုက်ပျိုး ဝင်ငွေတိုး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန်ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်းသိရသည်။

      ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့၊ အမှတ် (၂)ရပ်ကွက်တွင် ရာသီအလိုက်အသီးအနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချနေသည့် လုပ်ငန်းရှင် ဒေါ်တူး၏ ခဝဲသီးစိုက်ပျိုးရေးခြံအား ကွင်းဆင်းလေ့လာခဲ့ရာ မေလတွင် စတင်စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးပြီး (၃)လခန့်အကြာတွင် အသီးစတင်ခူးဆွတ်ရကြောင်း၊ ယခုအခါ တစ်ရက်လျှင် ခဝဲသီး (၇)ပိဿာမှ (၁၀)ပိဿာခန့်ထွက်ရှိပြီး ကန့်ဘလူမြို့မဈေးသို့ တစ်ပိဿာလျှင် (၁၃၀၀)ကျပ်ဖြင့် လက်ကားရောင်းချပေးပြီး ခြံလက်လီရောင်းဈေးမှာ တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြစ်ကြောင်း၊ ခဝဲသီးသည် စိုက်ပျိုးရလွယ်ကူပြီး အသီးသီးလျှင် နေ့စဉ်ခူးဆွတ်ရောင်းချရသည့်အတွက် ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)