Main menu

ပြည်ပဲကြီးသီးနှံ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမား ပုံမှန်အဝယ်ရှိသော်လည်း ဈေးအေးနေခဲ့

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်မှာ နေ့စဉ်ပဲကြော်ဖိုလုပ်ငန်းသမားများဖြင့် အရောင်းအဝယ်ဖြစ်နေသောပဲသီးနှံမှာ ပဲကြီးသီးနှံဖြစ်ပြီး ပဲလက်ကျန်များ နေ့စဉ်အရောင်းအဝယ် ဖြစ်နေခဲ့ပါသည်။ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူမှုရှိကာ တစ်ရက်လျှင် အိတ် ၂၀၀/၃၀၀ ကျော် ရောင်းဝယ်မှုဖြစ်ပြီး ပဲဈေးမှာ သြဂုတ်လနောက်ဆုံးအပတ်တွင် (ရွှေကျွန်း) တစ်တင်းလျှင် ၉၀၀၀၀ ကျပ်မှ ၉၂၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်းလျှင် ၈၅၀၀၀ ကျပ်မှ ၈၆၀၀၀ကျပ် ဖြင့် ရောင်းဝယ်နေခဲ့ကြပါသည်။  ယခင်နှစ်က ပဲကြီးသီးနှံသည်  မတ်ပဲသီးနှံထက်ပင် ဈေးပိုမြင့်ခဲ့သော်လည်း ယခုနှစ်မှာတော့ ပဲကြီးသီးနှံဈေးနှုန်းသည် သိသိသာသာ မြင့်တက်လာခြင်းမရှိဘဲ မတ်ပဲသီးနှံအနေဖြင့် ယခုနှစ်မှာ ပဲဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ကာ ကျပ် ၁၂၀၀၀၀ကျော်အထိ ရရှိလာသည့်အတွက် ပဲကြီးသီးနှံဈေးထက် ဈေးပိုနေခဲ့ပါသည်။ ယခင်နှစ်က ကာလတူချိန် သြဂုတ်လတွင် ပဲကြီးသီးနှံဈေးမှာ(ရွှေကျွန်း) တစ်တင်း ၉၈၀၀၀ ကျပ်၊ (ကမ်းနား)တစ်တင်း ၉၅၀၀၀ ကျပ်ဖြင့် အသီးသီးရောင်းဝယ်မှု ဖြစ်ခဲ့ကြသည့်အတွက် ယခုနှစ်ပဲကြီးဈေးနှုန်းမှာ ယခင်နှစ်ထက်ပင် ဈေးအနည်းငယ်လျော့နည်းနေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)