Main menu

ပြည်ဈေးကွက်မှ အာလူးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

     ပြည်ဈေးကွက်အတွင်း ရောင်းချနေသောအာလူးများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမြို့မှထွက်ရှိသော အာလူးများအား ဝယ်ယူရောင်းချနေခြင်းဖြစ်ပါသည်။ ယခင်က ရောင်းချသောအာလူးများမှာ တန်ခူးလအရှေ့ပိုင်းနှင့် အနောက်ပိုင်းမှထွက်ရှိသော ရေအာလူးများဖြစ်ကြောင်း သိရှိရပါသည်။ ယခုအခါ ထိုရေအာလူးမှာ လက်ကျန်မရှိတော့ဘဲ ဇွန်၊ ဇူလိုင်လ အတွင်း ထွက်ရှိသော ကုန်းအာလူးများသာ ထိုမှတစ်ဆင့်မှာယူ၍ ပြည်ဈေးကွက်အတွင်း ရောင်းချနေခြင်း ဖြစ်ပါသည်။ မှာယူရောင်းချသောကုန်းအာလူးမှာ ယခုနှစ်တွင် အထွက်နည်းသည့်အတွက် စိုက်ပျိုးထွက်ရှိရာဒေသမှာပင် ဈေးကောင်းရနေသည့်အတွက် ပြည်ဈေးကွက်အတွင်း ပြန်လည်ရောင်းချရာတွင် အာလူးလက်လီတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ လက်ကားတစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ တစ်ပတ်လျှင် ပိဿာ(၃၀)ဝင်ဆံ့အိတ် ၃၀၀ခန့် အဝင်ရှိပြီး ဒေသတွင်းနှင့် ခရိုင်အတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)