Main menu

မိုးပဲတီစိမ်းသစ် အဝင်လှိုင်လာ၍ အရောင်းအဝယ်သွက်နေသော်လည်း ဈေးအေးနေခဲ့

Powered by Drupal

     ပြည်ပဲဈေးကွက်အတွင်း မိုးပဲတီစိမ်းသီးနှံများ ဩဂုတ်လဆန်းမှစ၍ ပဲအသစ်များ နေ့စဉ်ဝင်ရောက်မှု ရှိနေခဲ့ပါသည်။ ယခုသြဂုတ်လကုန်ပတ်တွင် ပဲအထွက်လှိုင်လာပြီဖြစ်သောကြောင့် ပဲဝင်ရောက်မှုမှာလည်း အိတ် ၅၀၀ကျော် ၆၀၀ဝင်ရောက်ခဲ့ကာ ဝယ်လိုအားမှာလည်း ဝင်လာသမျှအရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံအား လက်ကားသမားဝယ်ယူမှုများနေပြီး ရန်ကုန်နှင့် မန္တလေးဝယ်လက်အထိပါ နေ့စဉ်ဝယ်ယူလျက်ရှိခဲ့ပါသည်။ ပဲတီစိမ်းသီးနှံသည် ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမမြို့နယ်များမှ ကုန်းလမ်းရေလမ်းဖြင့် ဝင်ရောက်လာသည်ဟု သိရှိရပါသည်။ ပဲဈေးနှုန်းမှာ ပိဿာ(၂၀)တစ်တင်းလျှင် ၅၀၀၀၀ကျပ်မှ ၅၅၀၀၀ကျပ်အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ဈေးကွက်အတွင်း အခြားပဲများသည် ယခုနှစ်တွင် ဈေးကောင်းရရှိနေသော်လည်း ပဲတီစိမ်းသီးနှံသည် ဈေးအေးခဲ့သော သီးနှံဖြစ်ခဲ့ပါသည်။ ပြည်ပဝယ်လက်ပဲဈေးကွက်တွင်သာမက ပြည်တွင်းပဲဈေးကွက်အတွင်းမှာပါ ဈေးအနိမ့်ဖြင့် ရောင်းဝယ်နေခဲ့သော သီးနှံဖြစ်ခဲ့ပါသည်။

DOCA(ပဲခူး)