![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၄၃_1.png?itok=OqDbp63d)
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Mahar Phone Let Yone ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၈၄ ပေပါကို ယာဥ်မောင်း ဦးမျိုးဇော်ဝင်း၊ မော်တော်ယာဥ်အမှတ် 7P-7112/ ISUZU အမျိုးအစားမော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ ၈၄ ပေပါအား ထားဝယ်မြို့ အနောက်ရပ်၊ ဗိုလ်ချုပ်လမ်းရှိ ဒေါ်သီတာမိုး၏ AAA ကုန်စုံဆိုင် အပါအဝင်အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)