Main menu

နာဂဒေသ ဘိလပ်မြေဈေးနှုန်းမြင့်တက်

Powered by Drupal

          ပွင့်လင်းရာသီဖြစ်သဖြင့် နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် ကုန်စည်စီး ဆင်းမှုသွက်လျက်ရှိပြီး အိမ်ဆောင်ပစ္စည်းတစ်ချို့နှင့် ဘိလပ်မြေများ မြို့နယ်တွင်းသို့ တင်သွင်းလျှက်ရှိကြောင်း သိရှိရပါသည်။ ယခုမတ်လတွင် ဘိလပ်မြေဈေးနှုနန်းများမှာ Alpha ဘိလပ်မြေနှင့် Crown ဘိလပ်မြေ တစ်အိတ်လျှင် (၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇန်နဝါရီလတွင် Alpha ဘိလပ်မြေနှင့် Crown ဘိလပ်မြေ တစ်အိတ်လျှင် (၁၈၀၀၀)ကျပ်သာရှိခဲ့ပြီး ဇန်နဝါရီလနှင့် မတ်လနှိုင်းယှဉ်ကြည့်လျှင် ဘိလပ်မြေတစ်အိတ်လျှင် (၂၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက် လျှက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် သယ်ယူစရိတ်ကြီး မြင့်လာခြင်းကြောင့်ဖြစ်သည်ဟု အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)