![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၉၅.jpg?itok=usFZ2MCL)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနှောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ ကုလားပဲဟော်လန်(၁)တင်းလျှင် ကျပ်(၉၇၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)၊ မြေပဲ (အောက်ကျဆီဆန်)(၁)ပိဿာလျှင် ကျပ်(၈၃၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၁၂၅၀၀၀)တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျန်ပဲဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ဩဂုတ်လ(တတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကုလားပဲ(929) ကျပ်(၂၀၀၀)၊ ကုလားပဲဟော်လန် ကျပ်(၅၀၀)၊ မတ်ပဲ (၉၀၀၀)၊ ပဲကြီးဖြူ ကျပ်(၂၀၀၀)၊ မြေပဲ(အောက်ကျဆီဆန်) ကျပ်(၁၃၀၀) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း ရန်ကုန်မြို့သို့ ကုလားပဲအိတ်(၁၅၀၀)၊ မြေပဲအိတ်(၃၀၀၀)၊ စုစုပေါင်းအိတ်ရေ (၄၅၀၀) တင်ပို့ခဲ့ပြီး တန်ချိန် (၅၉၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)