Main menu

မော်လမြိုင်မြို့ရော်ဘာဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

   မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ နှစ်စဉ်တိုးတက်လျက်ရှိသော ပြည်နယ်တစ်ခုဖြစ်၍ ထွက်ရှိသောရော်ဘာများအား ပြည်နယ်တွင်းဝယ်ယူလျက်ရှိသော လုပ်ငန်းရှင်များ၊ အဝယ်ဒိုင်များ၊ ကုမ္ပဏီများမှစုစည်း၍ ရန်ကုန်/ မန္တလေးရှိ ၎င်းတို့၏ကုမ္ပဏီကြီးများသို့တင်ပို့ပြီး ပို့ကုန်ကိစ္စရပ်များဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

     မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရပါသည်။ ယခုစက်တင်ဘာလ ၃ ရက်နေ့တွင်မော်လမြိုင်မြို့၌ရော်ဘာဈေးနှုန်းမှာ RSS-3 တစ်ပေါင် လျှင် ကျပ် (၃၀၂၅ )၊RSS-5 တစ်ပေါင်လျှင် ကျပ်(၃၀၁၀) ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင်ကျပ်(၄၀)၊ ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင် လျှင် ကျပ်(၁၇၀၀)ခန့် ဈေးနှုန်းတက်လာခဲ့ပါသည်။ ‌မော်လမြိုင်မြို့မှရန်ကုန်မြို့သို့ သယ်ယူခနှုန်းထား မှာ (50)kg ပါတစ်ထုပ်လျှင် ကျပ်(၂၅၀၀)၊ ရော်ဘာတစ်တန်လျှင် ကျပ် (၅၀၀၀၀)၊ ဖြင့်လည်းကောင်း  မော်လမြိုင်မြို့မှ မန္တလေးမြို့ သို့ (50)kg ပါတစ်ထုပ်လျှင် ကျပ် (၃၆၀၀)၊ ရော်ဘာတစ်တန်လျှင် ကျပ် (၇၂၀၀၀) ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မွန်)