Main menu

တောင်ငူမြို့ ညောင်ပင်ဈေးမှ ရုံးပတီသီးနှင့် ပဲဇောင်းလျားသီးများ

Powered by Drupal

     တောင်ငူမြို့ အနီးဝန်းကျင်ကျေးရွာများတွင် မိုးရာသီသီးနှံများကို တပိုင်တနိုင်စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသောအသီးအနှံများကို ကုန်စိမ်းဈေးဖြစ်သော တောင်ငူ၊ ညောင်ပင်ဈေးသို့လာရောက် ရောင်းချလျက်ရှိကြပါသည်။

   ယခုစက်တင်ဘာလ ပထမအပတ်တွင် ရုံးပတီသီးများထွက်ပေါ်နေပြီဖြစ်ရာ ရုံးပတီသီး ၃ တောင့်ပါ အစည်းသေး ၁၀ စည်းအား အစည်းကြီးတစ်စည်းအဖြစ် စည်းပြီးလျှင် ၈၅၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ ပဲဇောင်းလျားသီးမှာလည်း ထွက်ပေါ်နေပြီဖြစ်ရာ ၂၅ ကျပ်သားလျှင် ၈၀၀ ကျပ်၊ တစ်ပိဿာ လျှင် ၃၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ရုံးပတီသီးနှင့် ပဲဇောင်းလျားသီးများမှာ ပေါ်ခါစဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်သော်လည်း လှိုင်လှိုင်ပေါ်လာပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)