Main menu

ရေတာရှည်မြို့နယ်အတွင်း သက်သောသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချ

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ၊  ရေတာရှည်မြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၀ ရက်နေ့က ရေတာရှည်မြို့နယ်အတွင်း သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချနေမှုကို ကြပ်မတ် စစ်ဆေးခဲ့ပါသည်။

              မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တောင်ငူခရိုင်အတွက် ရောင်းချ ပေးသော စားသုံးဆီများအနက်မှ ရေတာရှည်မြို့နယ်အတွက် ပိဿာ ၂၂၀၀ ကို ရေတာရှည်မြို့ အမှတ်(၂) ရပ်ကွက်ရှိ ဦးမျိုးဝင်းအောင် ကုန်စုံဆိုင်နှင့် ရေနီမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဦးအောင်သူ ကုန်စုံဆိုင်များတွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။

              ခရိုင်ဦးစီးမှူးက ရောင်းချနေသော စားသုံးဆီများ၏ အလေးချိန်နှင့် ဈေးနှုန်းမှန်ကန်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)