Main menu

စက်ပါလက်ဆွဲကောက်စိုက်စက်၊ စက်မပါ လက်ဆွဲ ကောက်စိုက်စက်နှင့် လက်ထိုးလက်ဆွဲ ကောက်စိုက်စက်များဖြင့် စမ်းသပ်စိုက်ပျိုး

Powered by Drupal

       စက်မှုလယ်ယာဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)နှင့် ပုသိမ်စက်မှုဇုန်တို့ ပူးပေါင်းထုတ်လုပ်သည့် (စက်ပါ) ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်၊ (စက်မပါ) ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်နှင့် လေးတန်းသွား လက်ထိုးလက်ဆွဲကောက်စိုက်စက်များဖြင့် ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းမြင့်လှိုင်၏ လယ်ဧကတွင် စမ်းသပ်စိုက်ပျိုးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

      ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းမြင့်လှိုင်၏ လယ်ဧက(၅)ဧကတွင် ဗျော့ထွန်းစပါးမျိုးအား စက်မှုလယ်ယာဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)နှင့် ပုသိမ်စက်မှုဇုန်တို့ ပူးပေါင်းထုတ်လုပ်သည့် (စက်ပါ) ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်၊ (စက်မပါ) ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်နှင့် လေးတန်းသွား လက်ထိုးလက်ဆွဲကောက်စိုက်စက်များဖြင့် စမ်းသပ်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ အထွက်နှုန်းများတိုးတက်စေရေးအတွက် ကောက်စိုက်စက်များ၊ လက်ဆွဲကောက်စိုက်များ၊ အစေ့ချစက်များအသုံးပြုစိုက်ပျိုးခြင်းများဆောင်ရွက်စေရေး၊ အထွက်တိုးမျိုးစပါးများအသုံးပြုစိုက်ပျိုးစေရေးမှာကြားခဲ့ပြီး တာဝန်ရှိသူများအား တောင်သူများ အဆင်ပြေစွာအသုံးပြုနိုင်မည့် ကောက်စိုက်စက်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)