![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၄၂_8.jpg?itok=tlKFSYfy)
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ (၂-၉-၂၀၂၄) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့နယ်၊ ကန်ကြီးထောင်မြို့နယ်များရှိ ရေကြီးနစ်မြုပ် ပြန်ပေါ်စိုက်ဧကများ၌ မိုးစပါးများ ပြန်လည်စိုက်ပျိုးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနန်းကုန်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာရှိ တောင်သူ ဦးသန်းထွေး၏ ရေကြီးနစ်မြုပ် ပြန်ပေါ်စိုက်ဧက(၄)ဧကတွင် ဧရာမင်း မိုးစပါးမျိုးပြန်လည်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မြေပြင်စရိတ်၊ ကောက်စိုက်ခ၊ ပျိုးနှုတ်ခ စသည့်တစ်ဧကကုန်ကျစရိတ်များနှင့် ပြန်လည်စိုက်ပျိုးမှုအခြေအနေများကိုဆွေးနွေးမေးမြန်းခဲ့ပြီး စိုက်ဧကများပြည့်မီစွာစိုက်ပျိုးရန်၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင်ဆောင်ရွက်ရန် စိုက်ဧကများ ရေကြီးနစ်မြုပ်မှုကြောင့် ပိုးမွှားကျရောက်မှုအန္တရာယ်ကျရောက်မှုကိုလည်း သတိပြုရန်လိုပါကြောင်းနှင့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို အချိုးကျထည့်သွင်းသုံးစွဲရန်လိုပါကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ ကျေးရွာရှိ တောင်သူ ဦးကျော်ကိုကိုဟိန်းအောင်၏ ရေကြီးနစ်မြုပ် ထိခိုက်စိုက်ဧက(၃)ဧကတွင် မိုးစပါး ၏ပြန်လည်စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက ထိုခိုက်ပျက်စီးအခြေအနေများနှင့် ပြန်လည်စိုက်ပျိုးမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများ ပြည့်မီစွာအချိန်မီစိုက်ပျိုးစေရေး၊ သက်တမ်းတိုမျိုးစပါးစိုက်ပျိုးစေရေး ဆွေးနွေးပြောကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)