Main menu

တောင်သူများအတွက် ချင်းဈေးကွက်

Powered by Drupal

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသတွင် ချင်းကိုနှစ်စဉ်မတ်လအတွင်း အများဆုံးစိုက်ပျိုးလေ့ရှိကြပါသည်။ယခုနှစ်တွင် ချင်းဈေးကောင်း၍ စိုက်ပျိုးပြီး (၃)လအကြာ စိုက်ပျိုးထားသည့်ဂျင်းကို ပြန်လည်တူးဖော်၍ အပင်ပေါက်လာသည့်အတက်များကိုချိုး(ခုတ်)၍ အသစ်စိုက်ပျိုးပြီး တူးဖော်ထားသည့်ဂျင်းအဟောင်းများကို ပြန်လည်ရောင်းချကြပါသည်။ ချင်းအသစ်ကို စိုက်ပျိုးပြီး(၁၀)လအကြာတွင် တူးဖော်ရောင်းချကြောင်း သိရှိရပါသည်။

      ချင်းဧကတစ်ဝက်ခန့် စိုက်ပျိုးမည်ဆိုပါက အပင်အကွာအဝေးပေါ်မူတည်ပြီး ချင်းမျိုး(၄၀) ခြင်းခန့်စိုက်ပျိုးရကြောင်း၊ တစ်ခြင်းလျှင် (၁၀)ပိဿာခန့်ရှိပြီး ဧကတစ်ဝက်ခန့်စိုက်လျှင် မျိုးပိဿာ (၄၀၀)ခန့် စိုက်ပျိုးရကြောင်းသိရှိရပါသည်။သွင်းအားစုများအနေဖြင့် နွားချေး၊ ကျွဲချေး အိတ်(၃၀)ခန့် ထည့်ရကြောင်း၊ နွားချေး တစ်အိတ်လျှင် (၅၀၀၀)ကျပ် ခန့်ပေးရကြောင်း၊ မြေပြုပြင်ခ၊ စိုက်ပျိုးခ၊ ပေါင်းရှင်းခ၊ တူးဖော်ခများအဖြစ် စုစုပေါင်းကျပ် (၂၀)သိန်းခန့် ကုန်ကျကြောင်း၊ ချင်းမျိုးခမှာပုံမှန်မရှိပဲ ယခုနှစ်တွင် တစ်ပိဿာကျပ် (၃၀၀၀/-)ကျော်ရှိသည့်အတွက် ချင်းမျိုးဖိုးကုန်ကျမှုများပြားကြောင်း သိရှိရပါသည်။

      အခြားသီးနှံများနှင့်နှိုင်းယှဉ်လျှင် ချင်းသည် ပိုးသတ်ဆေး၊ မြေဩဇာများ ကြွေးရလေ့မရှိကြောင်းလည်း သိရှိရပါသည်။ ချင်းများရင့်၍ ပြန်လည်တူးဖော်သည့်အခါ မျိုးတစ်ခြင်းလျှင် ချင်းအသစ် (၈)ခြင်းခန့်တူးဖော်ရရှိသည့်အတွက် ဧကတစ်ဝက်ကို ဂျင်းမျိုး(၄၀၀)ပိဿာခန့်စိုက်လျှင် ချင်းသစ်(၃၂၀၀)ပိဿာခန့်ထွက်ရှိပြီး ထွက်ရှိသည့်ချင်းများကို ကျိုင်းတုံဈေးကွက်သို့ ရောင်းချကြောင်း၊ ယခုချိန်တွင်ချင်းဈေးကောင်း၍ တစ်ပိဿာကျပ်(၅၀၀၀/-)ခန့်ရှိသည့်အတွက် ချင်းစိုက်တောင်သူများ ဝင်ငွေကောင်းမွန်ရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)