Main menu

“ကျောက်ဆည်ဒေသ၏ ခရမ်းချဉ်သီးစျေးနှုန်းစျေးကွက်”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ နှမ်း၊ ပဲ၊ ပြောင်း၊ ငရုတ် စသည့်သီးနှံများကို အများဆုံးစိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာသည်ကိုတွေ့ရှိရပါသည်။ ခရမ်းချဉ်စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကို ပျိုးပေါင်ဖြင့်ပျိုးထောင်ပြီး ပျိုးပင်(၁)လသားကျော်အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ စတင်စိုက်ပျိုးပြီး(၂)လအချိန်သက်တမ်းတွင် အသီးများစတင်ဆွတ်ခူးနိုင်ပြီး (၄-၅)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် (၁)ဧကလျှင် ပိဿာချိန်(၃၀-၅၀)ခန့်ထွက်ရှိပြီး တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုမိုလာကြောင်း၊ အများဆုံးထွက်ရှိသောအချိန်တွင် (၁)ဧကလျှင် ပိဿာ(၂၆၀- ၃၀၀)ခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ခရမ်းချဉ်စိုက်ပျိုးရာတွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်၊ မြေပြင်၊ ထွန်ယက်ခြင်း၊ ရေတင်ခြင်း၊ လုပ်သားခ၊ သွင်းအားစုအပါအဝင် စုစုပေါင်း (၇၀၀၀၀၀-၈၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်းသိရှိရ ပါသည်။ စတင်ခူးဆွတ်သည်မှ (၃)လခန့်ဆွတ်ခူးနိုင်ကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် ဈေးနှုန်းအတက်အကျရှိကြောင်း၊ ထွက်ရှိလာသောခရမ်းချဉ်သီးများကို ပတ်ဝန်းကျင်ကျေးရွာ များသို့ လက်လီရောင်းချသည့်အပြင် မန္တလေးမြို့ရှိ ကုန်စိမ်းဒိုင်များသို့လည်းသွားရောက်ရောင်းချကြောင်း၊ ယခုအချိန်တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၁၂၀၀-၁၄၀၀)ကျပ်၊ လက်ကားစျေးအနေဖြင့် (၁၀၀၀-၁၂၀၀)ကျပ်အထိရောင်းချရသောကြောင့် စျေးကောင်းရရှိနေကြောင်း၊(၁)ဧကအကျိုးအမြတ်အနေဖြင့် (၁၂၀၀၀၀၀-၁၅၀၀၀၀၀)ကျပ်ခန့်ရရှိသောကြောင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ခရမ်းချဉ်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းရှိတောင်သူများသည် စပါး၊နှမ်း၊ ပဲ၊ ပြောင်း၊ ငရုတ်စသည့်သီးနှံများကိုအများဆုံးစိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီး ကိုလည်းစီးပွားဖြစ်စိုက်ပျိုးလာသည်ကိုတွေ့ရှိရပါသည်။ခရမ်းချဉ်စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကို ပျိုး ဘောင်ဖြင့်ပျိုးထောင်ပြီး ပျိုးပင်(၁)လသားကျော်အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ စတင်စိုက်ပျိုး ပြီး(၂)လအချိန်သက်တမ်းတွင် အသီးများစတင်ဆွတ်ခူးနိုင်ပြီး (၄-၅)ရက်ခြား တစ်ကြိမ် ခူးဆွတ်ရ ကြောင်း၊စတင်ခူးဆွတ်ချိန်တွင်(၁)ဧကလျှင် ပိဿာချိန်(၃၀-၅၀)ဝန်းကျင် ထွက်ရှိပြီး တစ်ပတ်ထက် တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း၊ အများဆုံးထွက်ရှိသောအချိန်တွင် (၁)ဧကလျှင် ပိဿာ(၂၆၀- ၃၀၀)ဝန်းကျင်ထွက်ရှိကြောင်းသိရှိရပါသည်။ ခရမ်းချဉ်စိုက်ပျိုးရာတွင် (၁)ဧက ကုန်ကျစရိတ်အနေ ဖြင့်ပျိုးထောင်၊မြေပြင်၊ထွန်ယက်ခြင်း၊ရေတင်ခြင်း၊ လုပ်သားခ၊ သွင်းအားစု အပါအဝင်း စုစုပေါင်း (၇၀၀၀၀၀-၈၅၀၀၀၀)ကျပ်ဝန်းကျင် ကုန်ကျကြောင်း သိရှိရ ပါသည်။ စတင်ခူးဆွတ်သည်မှ(၃)လ ဝန်းကျင်ဆွတ်ခူးနိုင်ကြောင်း ၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် စေျးနှုန်းအတက်အကျရှိကြောင်း၊ ထွက်ရှိလာသော ခရမ်းချဉ်သီးများကို ပတ်ဝန်းကျင်ကျေးရွာ များသို့ လက်လီရောင်းချသလို၊မန္တလေး မြို့ရှိကုန်စိမ်းဒိုင်များသို့လည်းသွားရောက်ရောင်းချကြောင်း၊ ယခုအချိန်တွင် ခရမ်းချဉ်သီး(၁)ပိဿာ လျှင်(၁၂၀၀-၁၄၀၀)ကျပ်၊လက်ကားစျေးအနေဖြင့်(၁၀၀၀-၁၂၀၀)ကျပ်အထိရောင်းချရသောကြောင့် စျေးကောင်းရရှိနေကြောင်း၊(၁)ဧက အကျိုးအမြတ် အနေဖြင့်(၁၂၀၀၀၀၀-၁၅၀၀၀၀၀)ကျပ်ဝန်းကျင် ရရှိသောကြောင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ခရမ်းချဉ်စိုက်တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

မန္တလေး)