Main menu

မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာ၌ ခဝဲသီးစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီးကို တစ်နှစ်ပတ်လုံး မြေအောက်ရေတင်စနစ်ဖြင့် စိုက်ဧက (၇) ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။

       မျိုးအနေဖြင့် မျှားနီတံဆိပ် ခဝဲသီးမျိုးစေ့တစ်ထုပ်လျှင် ငွေကျပ်(၁၂၅၀၀)ဖြင့် စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ (၉) ထုပ်ခန့်ကုန်ကျပြီး စိုက်ပျိုးရာတွင် မျိုးစေ့ကို အညှောင့်ဖောက်၍ (၂)ပေအကျယ်စိုက်ပေါင်တွင်  အတန်းလိုက်စနစ်ဖြင့် စင်ထိုး၍စိုက်ပျိုးကြောင်း၊   ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင်စိုက်ပျိုးပြီး  စက်တင်ဘာလဆန်းတွင်  လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ဝါး၊ လုပ်သားခအပါအဝင်  တစ်ဧကလျှင် ငွေကျပ်(၁၀၀၀၀၀၀)ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် အသီးတောင့်ရေ (၁၂၀၀၀-၁၅၀၀၀) ခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် (၁၄၀၀၀၀၀)ခန့်ရရှိကြောင်းသိရသည်။

          ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ (ဒုတိယပတ်)အတွင်း  လက်ကားဈေး ခဝဲသီးတစ်တောင့်လျှင် ငွေကျပ်(၂၀၀-၂၅၀)ဖြင့်ရောင်းချရပြီး မကွေးမြို့ပေါ်ရှိ ကုန်စိမ်းအရောင်းဆိုင်ကြီးများနှင့် ဈေးအတွင်းရောင်းချသော လက်လီဈေးသည်များသို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ခဝဲသီးတောင့်များ ဈေးကောင်းရကြောင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)