Main menu

မကွေးဈေးကွက်၌ ပဲကြီးဖြူ (ကြီး)ဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့် ပဲကြီးဖြူများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

      ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ပဲကြီးဖြူ(ကြီး) တစ်တင်းလျှင်  ကျပ် (၉၀၀၀၀)၊ ပဲကြီးဖြူ(လတ်) တစ်တင်းလျှင်  ကျပ်(၈၀၀၀၀)၊ ပဲကြီးဖြူ(သေး) တစ်တင်းလျှင်  ကျပ်(၇၈၀၀၀)တို့ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များက ဝယ်ယူကြကြောင်းနှင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့တင်ပို့ကြောင်း၊ စက်တင်ဘာလ (ပထမပတ်)တွင် ပဲကြီးဖြူ (ကြီး) တစ်တင်းလျှင် ကျပ် (၅၀၀ဝ) မြင့်တက်လာပြီး ပဲကြီးဖြူ(လတ်)နှင့် (သေး)တို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ အရည်အသွေးကောင်းမွန်မှုကြောင့် ပဲကြီးဖြူဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း မကွေးဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)