Main menu

သရက်မြို့၏ နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော အုတ်ဖို၊ တွင်းလယ်၊ ဒေါင်းပျံ၊ ရေမြစ်၊ ငလိုင်ခြုံ စသည့်ကျေးရွာများမှ အသစ်ထွက်ရှိသည့် နှမ်းသီးနှံ နေ့စဉ် သရက်မြို့သို့ လာရောက်ရောင်းချလျက်ရှိကြောင်းနှင့် သရက်မြို့နယ်တွင် နှမ်းဖြူသီးနှံကို အနည်းငယ်မျှသာစိုက်ပျိုး၍ နှမ်းနက်(စမုန်)နှင့် နှမ်းအနီအမျိုးအစားများသာထွက်ရှိကြောင်း ပွဲရုံကုန်သည်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊ သြဂုတ်လ(စတုတ္ထပတ်)တွင် နှမ်းနက်(စမုန်)(၁)တင်းလျှင် ကျပ်(၁၆၀၀၀၀ မှ ၁၇၀၀၀၀)ဖြစ်ပြီး စက်တင်ဘာလ(ပထမပတ်)တွင် ကျပ်(၁၇၅၀၀၀ မှ ၁၈၀၀၀၀)ဖြစ်၍ (၁)တင်းလျှင် ကျပ်(၁၀၀၀၀ မှ ၁၅၀၀၀)ဈေးနှုန်းအမြင့်ဖြင့် သရက်မြို့နယ်တွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိကြောင်းနှင့် နှမ်းနက် (စမုန်)ကို ဝယ်/သိုကုန်သည်များမှ ယခုရာသီတွင် ဝယ်ယူသိုလှောင်ပြီး မိမိတို့စိတ်ကြိုက်ဈေးရရှိမှသာ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း၊ သြဂုတ်လ(စတုတ္ထပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀) ဖြစ်ပြီး  စက်တင်ဘာလ(ပထမပတ်)တွင် ကျပ်(၁၁၅၀၀၀ မှ ၁၃၀၀၀၀)ဖြစ်၍ (၁)တင်းလျှင် ကျပ်(၁၅၀၀၀) ဈေးနှုန်းအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် နှမ်းနီကို အများအားဖြင့် သရက်မြို့နယ်ရှိဆီစက်များမှ ဆီကြိတ်ခွဲပြီး စားသုံးဆီအဖြစ်ပြောင်းလဲကာ သရက်မြို့နယ်အတွင်းရှိ စားသုံးသူများထံသို့ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်းနှင့် နေ့စဉ် တင်း(၁၀၀ မှ ၂၀၀)အထိဝင်ရောက်မှုရှိကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)