Main menu

“မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုအခြေအနေ”

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၈၀၀ လျာထားပြီး ယနေ့အထိ (၉၅၉) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် မတ်လကုန်တွင် လျာထားချက် ပြည့်မီအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးစီးသည့် (၉၅၉) ဧကတွင် ရွှေတောင် (၈)ဝါမျိုး (၂၆၉) ဧကနှင့် ရွှေတောင် (၁၀) ဝါမျိုး (၆၉၀) ဧကတို့ဖြစ်ပြီး စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရေး စနစ်တကျဖြင့် စိုက်ပျိုးနိုင်‌ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ စိုက်ပျိုးပြီးစီးသည့် (၉၅၉) ဧကကို မင်းလှကန်ရေဖြင့်လည်းကောင်း၊ ဧက (၃၀၀) ကို ညောင်ရမ်းကန်‌ရေဖြင့်လည်းကောင်း၊ ကျေးရွာအုပ်စု (၁၆) အုပ်စုတွင် စိုက်ပျိုးမည်ဖြစ်ကြောင်း၊ လျာထား ဧက (၁၈၀၀) တွင် မျိုးသန့်မျိုးစေ့ထုတ်ဧကများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

             မတ်လကုန်တွင် လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် သိပ္ပံနည်းကျ စနစ်တကျစိုက်ပျိုးခြင်း ဖြင့် (၁) ဧကခြင်း အထွက်နှုန်းကောင်းမွန်ပြီး တောင်သူများအကျိုးဖြစ်ထွန်းစေရန်လျာထား ဧကစိုက်ပျိုးပြီးစီးသည်အထိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သီးနှံရိတ်သိမ်းချိန်အထိ ဝါပင်သက်တမ်းအလိုက် နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)